- Tobacco

‌ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုဖြတ်တောက်‌‌ရေးအချိန်တိုအကြံပေးဆွေးနွေးခြင်း

[contact-form-7 404 "Not Found"]

၁။ မေး။ စီးကရက်အလိပ်အရေအတွက် လျှော့သောက်ပါက ကျန်းမာရေးအန္တရာယ် နည်းပါးသွားသည် ဟု ယူဆပါသလား။

ဖြေ။ စီးကရက်သောက်သုံးရာတွင် အန္တရာယ်ကင်းသောပမာဏဟူ၍ မရှိပါ။ အချို့သူများသည် ဆေးလိပ်ပမာဏကို လျှော့သောက်ပြီး ဆေးလိပ်ဖြတ်ရန် ကြိုးပမ်းလေ့ရှိသည်။ သို့သော် ခေတ္တ ခဏသာ ပြုလုပ်နိုင်ပြီး မကြာခင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြောင်း တွေ့ရ သည်။ ဆေးလိပ်လျှော့သောက်ပါက ကျန်းမာရေးအန္တရာယ် အနည်းငယ် လျှော့ချနိုင်သော်လည်း ဆေးလိပ်ဖြတ်ခြင်းသည်သာ တစ်သက်တာ ကျန်းမာရေးအတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။

။ မေး။ ဆေးလိပ်သောက်သည်မှာ နှစ်ပေါင်းများစွာ သောက်သုံးထားပြီဖြစ်သောကြောင့် ခန္ဓာကိုယ်အ တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးနေပြီဖြစ်သဖြင့် ယခုအခါ ဆေးလိပ်ဖြတ်ပါက ကျန်းမာ ရေးအတွက် ထူးခြားမည် ထင်ပါသလား။

ဖြေ။ အချိန်ကာလ ကြာရှည်စွာသောက်လေ ကိုယ်တွင်းအင်္ဂါများ ပျက်စီးလေဖြစ်ပါသည်။ သို့သော် ဆေးလိပ်ဖြတ်လိုက်သည်နှင့် ခန္ဓာကိုယ်က ပျက်စီးမှုကို မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန် အောင် ဆောင်ရွက်ပါသည်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အကြာတွင် နှလုံးသွေးကြောပိတ်ရောဂါ အန္တရာယ် ၅၀ % လျော့ကျသွားမည်ဖြစ်ပြီး ၅ နှစ် အကြာတွင် လေဖြတ်နိုင်သောအန္တရာယ်သည် ဆေးလိပ်မသောက်ခဲ့သူကဲ့သို့ ဖြစ်သွားပါမည်။

၃။ မေး။ ဆေးလိပ်ဖြတ်လိုက်ပါက ကိုယ်အလေးချိန်တက်လာမည်ဟု ယူဆပါသလား။

ဖြေ။ ဆေးလိပ်ဖြတ်သူအားလုံး ကိုယ်အလေးချိန် တက်မလာပါ။ ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းသောနည်းလမ်းများ ရှိပါသည်။ ဆေးလိပ်တွင်ပါသော နီကိုတင်းဓာတ်သည် အစာ စားလိုစိတ်ကို ထိန်းချုပ်ထားသည်။ ဆေးလိပ်ဖြတ်လိုက်ပါက အစာ စားလိုစိတ်ရှိလာပြီး ခံတွင်း ကောင်းလာသည်။ အချို့လူများသည် ဆေးလိပ်ဖြတ်ပြီး ပထမ (၁) (၂) လတွင် (၅) ပေါင် မှ (၁၀) ပေါင်အတွင်း အလေးချိန် တိုးလာသည်။ သို့သော် ဖြတ်သူတိုင်း ကိုယ်အလေးချိန် မတိုးပါ။ ကိုယ်အလေးချိန် တိုးလာသူများ မတိုးအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ အချိုဓာတ်ပါ သော အစာ လျှော့စားခြင်း၊ အသီးအနှံတိုး၍ စားခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

၄။ မေး။ ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သူနှင့်အတူနေပြီး ဆေးလိပ်သောက်သူမှ ထွက်သော ဆေးလိပ်ငွေ့(တစ်ဆင့်ခံဆေးလိပ်ငွေ့- Secondhand Smoke)ကို ရှူရှိုက်ခြင်း ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ပါသလား။

ဖြေ။ တစ်ဆင့်ခံဆေးလိပ်ငွေ့တွင်လည်း ကိုယ်တိုင်သောက်သော ဆေးလိပ်ငွေ့ကဲ့သို့ပင် အဆိပ်အ တောက်ပစ္စည်းများ ပါရှိပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့်ပတ်သက်၍ အန္တရာယ်ကင်းသော ပမာဏဟူ၍ မရှိပါ။ ဆေးလိပ်သောက်သူနှင့်အတူနေပြီး ၎င်းမှထွက်သော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသူသည် မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း အဆုတ်ကင်ဆာဖြစ်နိုင်သော အန္တရာယ်မှာ အခြားလူများထက် ၂၀ % မှ ၃၀ % မြင့်မားပါသည်။

၅။ မေး။ အီး-စီးကရက်ကို ဆေးလိပ်ဖြတ်ရာတွင် အသုံးပြုနိုင်ပါသလား။

ဖြေ။ အီး-စီးကရက်နှင့် ဆေးလိပ်ဖြတ်နိုင်သည့် လုံလောက်သော အထောက်အထားများ မရှိသေးပါ။ အီး-စီးကရက်သည်လည်း နီကိုတင်းနှင့် အခြားအဆိပ်အတောက်များပါဝင်သဖြင့် လူကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အချို့အီး-စီးကရက်ကိုအသုံးပြု၍ ဆေးလိပ်ဖြတ်ရန် ကြိုးစားရာ တွင် ဆေးလိပ်လည်းမပြတ်ဘဲ အီး-စီးကရက်ကိုပါ စွဲသွားသည့် သာဓကများရှိပါသည်။

၆။ မေး။ စီးကရက်ကို စမ်းသပ်သောက်သုံးသော ဆယ်ကျော်သက်လူငယ်များသည် စတင်သောက်ပြီး မကြာမီ ဖြတ်လိုပါက အလွယ်တကူဖြတ်နိုင်မည်ဟု ထင်ပါသလား။

ဖြေ။ စီးကရက်တွင်ပါဝင်သောနီကိုတင်းဓာတ်သည် သောက်သုံးသူကို စွဲလမ်းစေသည်။ ဆယ်ကျော် သက်များသည် လူကြီးများထက် မြန်မြန်ဆန်ဆန် စီးကရက် စွဲသွားလေ့ရှိပါသည်။ လူငယ်များ သည် နီကိုတင်း စွဲလမ်းမှုကို လျှော့၍ တွက်ထားကြသည်။ လူငယ် ၄ ဦးတွင် ၃ ဦးမှာ နှစ်အနည်း ငယ်အတွင်း ဆေးလိပ်ဖြတ်ရန် ကြိုးစားသော်လည်း မဖြတ်နိုင်ဘဲ လူကြီးဘဝသို့ ဆက်လက် သောက်သုံးသွားရသည်။

၇။ မေး။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ရရှိသွားသူသည် ဆေးလိပ်ဖြတ်လိုက်လျင် အကျိုးရှိလိမ့်မည်ဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။

ဖြေ။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်ခဲ့ဖူးသူပင် ဆေးလိပ်ဖြတ်လိုက်ပါက နောက်ထပ် နှလုံးသွေးကြောပိတ်မှု (Heart Attack) ဖြစ်ရန် အခွင့်အလမ်း ၅၀ % လျော့ကျသွားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *