- Tobacco

ဆေးလိပ်ဖြတ်ခြင်းအကျိုး

ဆေးလိပ်ဖြတ်လိုက်လျှင်မည်သည့်အသက်အရွယ်မည်သည့်အချိန်အခါ မဆို ရေတိုရေရှည်၊ ကျန်း မာ ရေးအကျိုးဆက်များရရှိခံစားရပါမည်။

  • ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အတွင်း နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကျသွားမည်။
  • ၁၂ နာရီတွင် သွေးတွင်း ကာဗွန်မိုနောက်ဆိုက် ပမာဏ သည် ပုံမှန်သို့ ရောက် ရှိသွားမည်။
  • ၂-၁၂ ပတ်တွင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှု နှင့် အဆုတ်၏ လုပ်ဆောင်ချက်တို့ တိုးတက် လာ မည်။
  • ၁ လ မှ ၉ လ တွင် ချောင်းဆိုးခြင်း နှင့်အ သက်ရှုမဝခြင်း ဝေဒနာများ သက်သာလာမည်။
  • ၁ နှစ် အကြာတွင် နှလုံးသွေးကြော ကျဉ်းရောဂါ အန္တရာယ်သည် ဆေးလိပ်သောက်နေသူ၏ တစ်ဝက်သို့ လျှော့ကျသွားမည်။
  • ၅ နှစ်မှ ၁၅ နှစ်တွင် လေဖြတ်နိုင်သည့် အန္တရာယ်မှာ ဆေးလိပ်မသောက်သူကဲ့သို့ ဖြစ်သွားပါမည်။
  • ၁၀ နှစ် အကြာ တွင် အဆုတ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်သည် ဆေးလိပ် ဆက်လက် သောက် နေသူထက် တစ်ဝက်ကျဆင်းသွားမည်။ ခံတွင်း၊ လည်ချောင်း၊ အစာပြွန်၊ ဆီးအိမ်၊ သားအိမ် ခေါင်း၊ မုံချို အိပ်ကင်ဆာ ဖြစ်နိုင်သည့် အန္တရာယ်များလည်း လျှော့ကျသွားမည်။
  • ၁၅ နှစ် အကြာ တွင် နှလုံးသွေးကြောကျဉ်းရောဂါ အန္တရာယ်သည် ဆေးလိပ်မသောက် သူကဲ့ သို့ ဖြစ် သွားပါမည်။

ဆေးလိပ်သောက်နေသူများသည် ဆေးလိပ်မသောက်သူများထက် သက်တမ်း ၁၀ နှစ် ခန့် တိုပါ သည်။ သို့သော် အသက် ၃၅ နှစ် မတိုင်မီ ဆေးလိပ်ဖြတ်ပါက ဆုံးရှုံးမည့် သက်တမ်း အားလုံးပြန် ရပါမည်။ အသက် ၃၅ နှစ်မှ ၄၄ နှစ် တွင် ဆေးလိပ်ဖြတ်ပါက သက်တမ်း၉ နှစ် ပြန် ရပါမည်။ အသက် ၄၅ မှ ၅၄ နှစ် တွင် ဆေးလိပ်ဖြတ်ပါက သက်တမ်း ၆ နှစ် ပြန်ရမည်။ အသက် ၅၅ မှ ၆၄ နှစ် တွင် ဖြတ်ပါသက်တမ်း ၄ နှစ် ပြန်ရမည်။ဆေးလိပ်ကြောင့် နှလုံးသွေး ကြောပိတ်ခြင်း ဖြစ်ပွားခဲ့သည်ဘူးသူပင် ဆေးလိပ်ဖြတ် လိုက်ပါက နောက်ထပ်နှလုံး သွေးကြော ပိတ်မှုဖြစ်ရန် အခွင့်အလမ်း ၅၀% လျှော့ကျသွားပါသည်။
ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့်၊ အတူနေ ကလေးများတွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ဖြစ် သော ​ရောဂါများလျှော့ပါးသွားပါမည်။ ထို့ပြင် ပန်းသေခြင်း၊ ကိုယ်ဝန်ဆောင် မိခင်ကလေး စော၍မွေး ခြင်း၊ သားပျက်ခြင်း၊ အလေးချိန်မပြည့်သော ကလေးမွေးခြင်းတို့ကို လျှော့နည်းစေပါ သည်။ ဆေးလိပ် ဝယ်ယူရမည့် ကုန်ကျစရိတ်သက်သာသွားမည်ဖြစ်ပြီး သက်သာသွားသော ငွေဖြင့် အိမ်အတွက် အခြေခံ လိုအပ်ချက်များဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်လိုက် ပါက အလုပ်ချိန်အတွင်း အလုပ်ကို မကြာခဏ ရပ်နား၍ ဆေးလိပ် ထွက်သောက်ရန် မလိုတော့ သဖြင့်မိမိ လုပ်ငန်းများ ပို၍ပြီးစီး မည်ဖြစ် သည်။ မိသားစု၊ မိတ်ဆွေ၊ မိမိလုပ်ငန်းရှင် စ သည် တို့နှင့် ဆက်ဆံရေးပို ကောင်းလာပါမည်။ ဆေးလိပ် ဖြတ်ခြင်းဖြင့် မိမိကလေးများ ဆေးလိပ် စတင် သောက်နိုင်သည့်အခွင့်အရေးနည်းပါးသွားမည်။ ဆေးလိပ် သောက်နေသော မိမိ ကလေးများ သည် လည်း ဆေးလိပ်ဖြတ်လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *