- Tobacco

ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုအန္တရာယ်

ဆေးလိပ်နှင့်ကျန်းမာရေ
ဆေးလိပ်ငွေ့တွင် ဓါတုပစ္စည်း ၇၀၀၀ ကျော် ပါဝင်ပြီးအနည်းဆုံး ၂၅၀ မှာ အန္တရာယ် ဖြစ် စေပြီး၊ အနည်းဆုံး ၆၉ ခုမှာ ကင်ဆာဖြစ်စေပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ရရှိနိုင်သော ရောဂါများမှာ အသက်ရှုမဝခြင်း၊ ပန်းနာ ရင်ကြပ်ကို ပို၍ဆိုးရွားစေခြင်း၊ အသက်ရှု လမ်း ကြောင်း သို့ ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း၊ ကင်ဆာအမျိုးမျိုး၊ အသံအိုး ကင်ဆာ၊ ခံတွင်း ကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ လူကီး မီးယား(Acute Myeloid Leukemia)၊ အစာအိမ် ကင်ဆာ၊ မုံချိုအိပ်ကင်ဆာ၊ ကျောက်ကပ် ကင် ဆာ၊ ဆီးလမ်း ကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ များ ဖြစ်ပွား နိုင်သည်။ ထို့ပြင်နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ နာတာ ရှည် အသက်ရှုလမ်းကြောင်းနှင့်အဆုတ်ရောဂါ၊ အရိုးပွ ရောဂါ၊ အတွင်းတိမ်ရောဂါ၊ သွားဖုံး ရောင် ရောဂါများဖြစ်ပွားနိုင်သည်။ ပင်မသွေးလွတ်ကြော ဖေါင်းပွ ခြင်း(Aortic Aneurysm)၊ ခန္ဓာ ကိုယ်အ နှံ့ သွေးကြောများ အဆီဖုံးခြင်း၊ တင်ပဆုံရိုးကျိုး ခြင်း၊ မြုံ ခြင်း၊ ပန်းသေခြင်း၊ ကိုယ်ဝန် ဆောင်မိ ခင်များ အလေးချိန်မပြည့်သော သန္ဓေသားမွေး ခြင်း တို့ ဖြစ်စေ နိုင်ပါ သည်။
ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများ ထက် အဆုတ်ကင်ဆာရောဂါ ဖြင့် သေ ဆုံးရန် ၁၅ ဆမှ ၃၀ ဆ၊ နှလုံးသွေးကြောပိတ်ရောဂါဖြင့် သေဆုံးရန် ၂ ဆ မှ ၃ ဆ၊ အ ခွင့်အလမ်း ပိုများ ပါသည်။ဆေးလိပ်သောက်ပါကလေဖြတ်ခြင်းအန္တရာယ်ကို ၅၀% မြင့်မားစေ ပါသည်။ ဆေးလိပ်အ လွန်အ ကျွံ(တစ်နေ့ ၂၅ လိပ်နှင့် အထက်) သောက်သူ များ ၏ တစ်ဝက် (၅၀%) သည် ဆေးလိပ်ကြောင့် ဖြစ် သောရောဂါများဖြင့် သေဆုံးရပါသည်။ ဆေးလိပ်သောက်သူ လူငယ်များသည် ဆေးလိပ်မ သောက်သူ လူငယ်များထက် မူးယစ်ဆေးဝါး သုံးစွဲရန် အခွင့် အလမ်း၊ ၁၅ ဆ ပို၍ များပါ သည်။
အတူနေမိသားစုများအား ရောဂါရစေခြင်
ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ အခြားသူများသောက်သော ဆေးလိပ်ငွေ့ကြောင့် အတူ နေမိ သားစုဝင်များသည်လည်း ရောဂါရနိုင်ပါသည်။ ကလေးငယ်များတွင် ပြင်းထန် အသက်ရှု လမ်းကြောင်း ရောဂါ၊ နားရောဂါ(Middle Ear Infection)၊ နာတာရှည် အသက်ရှု လမ်းကြောင်း ရောဂါလက္ခဏာများ၊ တစ်နှစ်အောက်ကလေးရုတ်တရက် သေဆုံးခြင်း၊ လူကြီး များတွင် နှလုံး သွေးကြောကျဉ်းရောဂါ၊ အ ဆုတ်ကင်ဆာရောဂါ၊ နှာခေါင်းအတွင်းယားယံခြင်း၊ ကိုယ်ဝန်ဆောင် မိခင် များတွင် အလေးချိန် မပြည့် သော ကလေးမွေးဖွားခြင်းတို့ဖြစ်စေပါသည်။

စီးပွားရေးဆုတ်ယုတ်
ဆေးလိပ်အတွက် ကုန်ကျစရိတ်မှာ မိသားစုဝင်ငွေ၏ ၅-၁၅% အထိ သုံးစွဲကြောင်း ပညာ ရှင်များ က ခန့်မှန်းထားကြပါသည်။ ထို့အပြင် ဆေးလိပ်သောက်ခြင်းဖြင့် ရောဂါရရှိခံစား ရခြင်း၊ ရောဂါကြောင့် အလုပ်မလုပ်နိုင်ခြင်း၊ ရောဂါကုသမှုအတွက် ငွေကြေးကုန်ကျခြင်း၊ သက်တမ်း မစေ့မီသေဆုံးရ ခြင်း ကြောင့် ဝင်ငွေမရရှိတော့ခြင်း စသော ဆိုးကျိုးများရရိုနိုင်ပါ သည်။
လူမှုရေးထိခိုက်
အချို့လူများသည် ဆေးလိပ်သောက်သူများနှင့် မိတ်ဆွေပြုရန်မနှစ်သက်ကြပေ၊ ဆေး လိပ်နံ့ နံခြင်း၊ဆေးလိပ်ကြောင့်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တို့ ကြောင့်ဖြစ်နိုင်ပါသည်။ ထို့ပြင် ဆေး လိပ်သောက်သူ၏ ကလေးများသည် အသက်ငယ်ငယ်နှင့် ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက် တတ်သူများ ဖြစ်သွားနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *