People's Health Foundation

World No-Tobacco Day 2025

၂၀၂၅-ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့
(ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ကျန်းမာရေး ကို ထိခိုက်စေ သည့်အပြင်ရောဂါမျိုးစုံခံစားရရှိပြီး အသက်ပါဆုံးရှုံးကြရခြင်း အား အများ ပြည်သူလူထုအပေါင်းကို သတိ ပေးလိုသည့် အတွက် နှစ်စဉ် မေလ (၃၁) ရက်နေ့ ကို “ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့” “World No-Tobacco Day” အဖြစ် ၁၉၈၉-ခုနှစ် ကမ္ဘာ့ ကျန်းမာရေးညီလာခံ တွင် သတ်မှတ်ပြီး၊ တစ်ကမ္ဘာလုံးရှိ နိုင်ငံအားလုံး ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲမှုလျှော့ချရေး လှုပ်ရှားဆောင် ရွက်ရန် လှုံ့ဆော် ပေးခဲ့ သည် မှာ နှစ်ပေါင်း ၃၅ နှစ်ကျော် ရှိခဲ့ပါပြီ။ ၂၀၂၅-ခုနှစ် အတွက် သတ်မှတ်ထားသည့် ကမ္ဘာ့ ဆေးလိပ် မသောက် ရေးနေ့ (ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့) ဆောင်ပုဒ် မှာ “Unmasking the Appeal: Exposing Industry Tactics on Tobacco and Nicotine Products.” “ဆေးလိပ် ဆေးရွက်ကြီး ထုတ်ကုန်များ၊ ဆွဲဆောင်လှည့်စား ကြော် ငြာထား၊ သတိပြု ဆင်ခြင် တွန်းလှန်သွား”  ဟူ၍ ဖြစ်ပါသည်။

ယခုနှစ်အတွက် ရွေးချယ် ထား သော ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ လှုပ်ရှားမှု သည် ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ (နီကိုတင်းများ အပါအဝင်) ကို ထုတ် လုပ်နေသည့် လုပ်ငန်းရှင်များ၏ ကလေးသူငယ်များအပါအဝင် လူငယ်ထု အား ဆွဲ ဆောင် လှည့်စား စည်းရုံး စွက်ဖက် နှောက်ယှက်ခြင်း တို့ အား အကာအကွယ် ပေးရန် ၎င်းတို့၏ စည်းရုံး ဆောင်ရွက်နေခြင်းအား သတိပြု တွန်းလှန် သွားရန် ဖြစ်ပါ သည်။

ယခုနှစ် ပြုစု ထုတ်ဝေသော ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (ကမ္ဘာ့ဆေးရွက်ကြီး မသုံး စွဲ သောနေ့) အထိမ်းအမှတ် စာအုပ်တွင် – စီးပွားရေးလုပ်ငန်းရှင်များ သည် အီး-စီးကရက် အပါအဝင် “အီလက်ထရွန်နစ် အငွေ့ရှုစက်များ” ၏ အန္တရာယ်ကို သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ လူငယ်များကို စွဲလန်း စေရန် နည်းအမျိုးမျိုး အသုံးပြု ဆွဲဆောင်စည်းရုံး ရောင်းချနေခြင်း၊ ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ လှုပ်ရှားမှု ကို ဆောင်ရွက်နေသည့် အစိုးရ နှင့် ဆေးရွက်ကြီး ဆန့်ကျင်သူ အဖွဲ့အစည်း တို့ အား လက်ရှိ လူငယ်များ နှင့် မျိုးဆက်သစ် လူငယ်များ အား ဆန့်ကျင်နေခြင်း တို့သည် ထိုလုပ်ငန်း ရှင်များ ၌ တာဝန် ရှိကြောင်း ထုတ်ဖော် တင်ပြ တောင်းဆို ရန် နှင့် မျက်မှောက်ခေတ်နှင့် နောင်တခေတ် မျိုးဆက်သစ် လူငယ်များအတွင်း ဆေးရွက်ကြီး နှင့်နီကိုတင်း ပါရှိ သော ပစ္စည်းများ စွဲလမ်း အသုံးပြု နိုင်ရေးအတွက် ထုတ်လုပ်သည့် ကုမ္ပဏီ များ၏ ရည်ရွယ် ချက်များနှင့် လှည့်စား မှုများကိုလူငယ်များ သိရှိနားလည်အောင် ပညာပေးရန်နှင့် ဆေး လိပ် ကုမ္ပဏီကြီးများ၏ ဈေးကွက်အား တန်ပြန်တိုက်ဖျက်ရေး လှုပ်ရှားမှုနှင့် လူငယ်များ အား အဆိုပါ လှုပ်ရှား မှုတွင် ဦးဆောင် နိုင်ရေး အတွက်တိုက်တွန်းထားပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *