More focus on COVID-19 prevention
May 3, 2021; Yangon; PHF: Even though the COVID-19 pandemic seems to be on the back foot in a number of countries around the world and increasing number of cases and deaths in India, Myanmar should remain vigilant. The current (true) number of COVID-19 infections in Myanmar is unknown, as is the exact percentage of the population that has been fully vaccinated. Therefore, the focus should firmly remain on preventive measures. The People’s Health Foundation urges development partners to support the efforts to get protective health messages across, to protect the general public in Myanmar from COVID-infection.
Around the world (especially in developed world), as the vaccination programs against COVID-19 take hold, the growth of the number of COVID-19 infections is slowing down. Gradually, governments allow schools to re-open or are lifting other restrictions. A year into the pandemic, people are yearning to return to normal.
What is the status of the COVID-19 epidemic in Myanmar?
Recent personnel changes and the CDM movement have crippled the ability of the Ministry of Health and Sports to cope with the COVID-19 pandemic. The number of tests has dwindled, from over 10,000 tests a day to less than 1,500 per day. The number of positive cases reported daily is currently less than 20, with almost no deaths. An accurate picture of the current number of infections around the country is therefore lacking. It could be that the recent large gatherings of people might have accelerated the epidemic in Myanmar. Or, perhaps the arrival of hot and dry weather has had a dampening effect on the ability of the virus to spread? We can’t be sure at this moment in time.
Unsure is also how the vaccination program will unfold after several batches of India-produced Astra Zeneca vaccines were delivered in last few months. As of 24th April, at least 15,400,000 people had been immunized at least one dose and around 3,400,000 had completed 2 doses. Another batch of 2.8 million doses of COVID-19 vaccine is supposed to reach Myanmar soonest.
What is sure, though, is that COVID-19 infections in all likelihood is here to stay. The World Health Organization (WHO) indicated in early April that it expects life won’t return to normal before the end of this year. Dr Rochelle Walensky, the Director of the American health authority CDC (Centre for Disease Control and Prevention), warned on March 1st that a fourth wave of COVID-cases could even occur before a majority of the US citizens is vaccinated. The Ministry of Health and Sports, on April 22nd, 2021, issued a statement of caution for Myanmar’s citizens for the possible third wave of COVID-19 epidemic.
When so much is unsure, prevention through proper protective behavior remains the top priority.
Getting the prevention message across, especially through mass media including social media, is challenging, though. Many in Myanmar are pre-occupied with the latest political developments. COVID-19 prevention and control has slipped down from the priority list. Also, in the past 12 months, the general public has been bombarded with a plethora of COVID-19 health messages. Some audiences are suffering from “COVID tiredness”. In such a context protective habits can easily be forgotten.
When so much has been tried already, it is not easy to package the basic health messages of the 3Ws– wash your hands, wear a mask, and watch your distance – in fresh new formats. Nonetheless, that is exactly what public health organizations and community leaders need to keep doing. Testing materials and fine tuning the messaging is key, especially under the current challenging circumstances, as many who are out in the streets are running additional infections risks.
The People’s Health Foundation (PHF) is committed to this task. Through public awareness campaigns PHF will keep banging the drum. For instance, the #SafeInTheCity campaign focused on urban Yangon, funded through the Partnership for Healthy Cities, has done, but more is needed. We hope that international development partners –bilateral and multilateral international organizations, donors, private companies – will support our efforts to raise awareness among the general Myanmar public of the importance of COVID-19 protective behaviors. Because preventing is always better than cure.
The People’s Health Foundation is a NGO that manages a string of health clinics and develops and executes public health mass media awareness campaigns.
ကိုဗစ်နိုင်တင်း ကူးစက်မှုအသစ်အကြောင်း ရှင်းရှင်းလင်းလင်း မသိရသည်ဖြစ်ရာ ကြိုတင်ကာကွယ်ရေးကို ပို၍အာရုံစိုက်သင့်
၂၀၂၁-ခုနှစ် မေလ ၃ ရက်။ အသက်ရှုလမ်းကြောင်း တွင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ် ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါ ဖြစ်ပွားမှု သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများ တွင် လွန်စွာ အရေးမပါ တော့သလို သဘောထား နေကြသော်လည်း၊ ပြည်သူအားလုံး မပေါ့ဆဘဲ သတိဝီရိယရှိသင့်ပါသည်။ လတ်တလော ၌ မြန်မာနိုင်ငံ တွင် ကိုဗစ်နိုင်တင်း ကူးစက်မှု အမှန်တကယ် အရေအတွက် မသိရသေး သည့်နည်းတူ ပြည်သူအများ အပြည့်အဝ ကာကွယ် ဆေးထိုးထားသူ ရာခိုင်နှုန်းကိုလည်း တိတိကျကျ မသိရပေ။ ထို့ကြောင့် ကြိုတင် ကာကွယ် တာဆီးရေးကိုသာ အခိုင်အမာ ထားရှိ သတိပြုသင့်ပါသည်။ ကိုဗစ်နိုင်တင်းကူးစက် ပြန့်ပွားမှု ကို ဟန့်တားကာကွယ်နိုင်သည့် ကျန်းမာရေး ဆိုင်ရာ သတင်း အချက် အလက်များ ပြည်သူအတွင်း ပြန့် ပွား ရောက်ရှိစေရေး အတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေး ရှင်း နှင့် အတူ စေတနာ့ဝန်ထမ်း အဖွဲ့များ၏ လုပ်ဆောင် ချက်များကို အားပေး ထောက်ပံ့ရန် တိုက်တွန်း လိုပါ သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ ကိုဗစ် နိုင်တင်း ကူးစက်မှု နှုန်း သည်လည်း နှေးကွေးလာလျက်ရှိသည်။ အစိုးရအဖွဲ့များ အနေဖြင့် ဖြည်းဖြည်း ချင်း စာသင်ကျောင်းများပြန်ဖွင့်နိုင်ရေး ကန့်သတ်ချက်များ ဖြေလျှော့ ပေးလျက်ရှိပါသည်။ ကပ်ရောဂါ ဖြစ်ပွားမှု တစ်နှစ်တာကာလအတွင်း ချင်းနင်းဝင်ရောက် လာချိန်တွင် လူများအနေဖြင့်လည်း ပုံမှန်သွား လာနေထိုင်နိုင်မည့် ဘဝကို ပြန်လည်တမ်းတ နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်း ကပ်ရောဂါအခြေအနေ မည်သို့ရှိသနည်း။
ဌာနဝန်ထမ်းများ လတ်တလော တွင် အပြောင်းအလဲရှိခြင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) က ကိုဗစ်နိုင်တင်း ကပ်ရောဂါထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စွမ်း ဆောင် နိုင်အား ကို ချိနဲ့စေခဲ့ပါသည်။ ရောဂါရှာဖွေစမ်းသပ်မှု အနေဖြင့် တစ်နေ့လျှင် လူ ၁၀,၀၀၀ ကျော် စမ်းသပ်စစ်ဆေးခဲ့ရာမှ တစ်နေ့လျှင် ၁၅၀၀ အောက်အထိသာ စစ်ဆေးနိုင်သည်အထိ လျော့ပါးသွားခဲ့ ပါသည်။ လတ်တလော နေ့စဉ်တွေ့ရှိသည့် အတည် ပြုလူနာအရေအတွက် ဖျမ်းမျှ ၁၀ ဦးခန့်ဖြစ်ပြီး သေဆုံးမှု မရှိသ လောက်ပင်ဖြစ် နေပါသည်။ ထို့ကြောင့် ခုလတ်တလောတွင် ရောဂါကူးစက်မှုအရေ အတွက်နှင့် ပတ်သက်၍ တိကျရေရာမှု လိုအပ်လျက်ရှိနေပါသည်။ လက်ရှိဖြစ်ပေါ်နေသော လူစုလူဝေး များကလည်း မြန်မာနိုင်ငံ၏ ကပ်ရောဂါ ကူးစက်နိုင်မှုအခြေအနေကို အရှိန်မြင့်တက်စေ နိုင်သည်။ သို့မဟုတ် ပြောင်းလဲ လာသည့် ပူပြင်းခြောက် သွေ့သော ရာသီဥတု ကြောင့် ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှုကို လျော့ပါး စေနိုင်သလားပင်။ လတ်တလောတွင် အသေအချာ တပ်အပ် မပြောဆိုနိုင်သေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် အိန္ဒိယနိုင်ငံထုတ် Astra Zeneca ကာကွယ်ဆေး များ ကို ဝယ်ယူ ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍လည်း သေချာသည်ကတော့ ကိုဗစ်နိုင်တင်း ရောဂါ နှင့် ပတ်သက်လို့ ဖြစ်နိုင်ခြေအားလုံး ရှိနေသည်ဟုပင်ဖြစ်သည်။
၂၀၂၁-ခုနှစ် ဧပြီလ ၂၁ ရက်နေ့ သတင်းအရ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး တစ်ကြီမ် ထိုးပြီးသူ စုစုပေါင်း ၁၅.၄ သိန်းခန့် နှင့် နှစ်ကြိမ် ထိုးပြီးသူ ၃.၄သိန်းရှိနေပြီ ဟု သိရှိရပါသည်။
ယခုနှစ်မကုန်မီ ပုံမှန်အခြေအနေ ပြန်ရောက်ဖွယ် မရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဧပြီလ အစော ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ အမေရိကန်ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်း (CDC) ဌာန ဒါရိုက်တာဖြစ်သူ ဒေါက်တာ Rochelle Walensky ကလည်း အမေရိကန်နိုင်ငံသား အများစု ကို ကာကွယ် ဆေး အပြည့်အဝ မထိုးရသေးမီ ကိုဗစ်နိုင်တင်း စတုတ္ထလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း ပြီး ခဲ့သည့် မတ် ၁ ရက်တွင် သတိပေး ပြောကြားခဲ့ပါသည်။ ၂၂-၀၄-၂၀၂၁နေ့က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်း မြန်မာနိုင်ငံ မှာ ပေါ်ပေါက်နိုင်ကြောင်း အများ ပြည်သူ သို့ အသိပေးပြောကြားထားပါသည်။
ထိုသို့ မသေချာ မရေရာမှုများစွာ ရှိနေချိန်တွင် ကြိုတင်ကာကွယ်တားဆီးရေး ကို ထိပ်ဆုံးဦးစားပေး ရမည်ဖြစ်သည်။
မီဒီယာနှင့် လူမှုကွန်ရက်မီဒီယာများမှတဆင့် ကြိုတင်ကာကွယ်တားဆီးရေးနှင့်ဆိုင်သော သတင်း အချက်အလက် များ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးသည် အထူးပင်စိန်ခေါ်လျက်ရှိနေပါသည်။ မြန်မာ နိုင်ငံသား အများစုမှာ နောက်ဆုံးဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ဗျာများရှုပ်ထွေး နေကြ လျက်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းသည် ဦးစားပေးအဆင့်မှ လျှောကျခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် လွန်ခဲ့သည့် ၁၂ လ တာအတွင်း သာမန်ပြည်သူများသည် ကိုဗစ်နိုင်တင်းနှင့် ပတ် သက်၍ လိုသည်ထက်ပိုသော သတင်းအချက်အလက်များ၊ စကားများ မကြားချင်အဆုံး ကြားသိခဲ့ရပြီ ဖြစ်သည်။ တချို့သူများသည် ကိုဗစ်နိုင်တင်းနှင့် ပတ် သက်၍ ရိုးအီနေကြပြီလည်းဖြစ်ပါသည်။ ထိုအခြေ အနေတွင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာ များက အလွယ်တကူပင် မေ့ပျောက်သွား နိုင် ပါသည်။
နည်းလမ်းသစ်များအဖြစ် ခပ်ခွာခွာနေပါ (Watch your distance)၊ နှာခေါင်းစည်းတပ်ပါ (Wear a mask)၊ လက်ဆေးပါ (Wash your hands) ဆိုသော W သုံးလုံး အခြေခံကျန်းမာရေးဆိုင်ရာ လိုက် နာရမည့် အချက်များကို တိုက်တွန်းနှိုးဆော်ရသည်ပင် လွယ်ကူလှသည်မရှိဘဲ များစွာကြိုးပမ်း ခဲ့ရပြီးဖြစ်ပါသည်။ သို့သော်ငြားလည်း ဤသည်ကား ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လူ့အသိုင်းအဝိုင်းကို ဦးဆောင်ဦးရွက်ပြုသူများ က ဆက်လက်လုပ်ဆောင်ရမည်သာ ဖြစ်သည်။ စမ်းသပ် ရေးပစ္စည်းကိရိယာများနှင့် သေသပ်ရှင်းလင်းသော သတင်းစကားများက အခရာပင်ဖြစ်ပါသည်။ အထူး သဖြင့် လူအများစုလမ်းပေါ်ရောက်နေချိန် ထပ်ဆင့်ကူးစက်နိုင်ခြေများနေသည့် စိန်ခေါ်မှု ကြီးမားသော လက်ရှိအခြေအနေတွင် ပို၍ပင် အခရာကျပေသည်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (PHF) သည် ဤလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် ကတိပြုထား ပြီးဖြစ်သည်။ အများပြည်သူ အသိပညာပေးရေးဆိုင်ရာ ကမ်ပိန်းများဖြင့် ပြည်သူ့ကျန်းမာရေး ဖောင် ဒေးရှင်းက ဆက်လက်နှိုးဆော်တိုက်တွန်းသွားမည်ဖြစ်ပါသည်။ သာဓကအနေဖြင့် #SafeInTheCity (လုံခြုံစိတ်ချမြို့တော်ဘဝ) လှုပ်ရှားမှုကို ရန်ကုန်မြို့တွင် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ထို လူထု လှုပ်ရှားမှု ကို မြို့ကြီးများ ကျန်းမာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အားဖြင့် ထောက်ပံ့ ထားသည်။ သို့သော် များစွာ လိုအပ်နေ ဆဲဖြစ်သည်။ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးအတွက် အရေးပါသော မြန်မာပြည်သူ လူထုကြား အသိပညာပေး ကမ်ပိန်းများမြှင့်တင်ရေး လုပ်ဆောင်ချက်များ ကို နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အကျိုးတူပူးပေါင်း ဆောင်ရွက်သူများ၊ ဘက်ပေါင်းစုံ မိတ်ဖက် များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် အားပေး ထောက်ပံ့ လိမ့်မည်ဟု မျှော်လင့်ပါသည်။ အကြောင်းကတော့ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သောကြောင့်ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းသည် ကျန်းမာရေးဆေးပေးခန်းများနှင့်အတူ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျယ်ပြန့်သော အသိပညာပေးရေးကမ်ပိန်းများ စီမံဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။