People's Health Foundation

World No-Tobacco Day 2021 Celebration: Call for competition for Articles and Poems

World No Tobacco Day (WNTD) 2021 this year will be celebrated as a year-long national campaign. People’s Health Foundation has call for submissions of articles and poems on the theme of WNTD 2021, i.e. “COMMIT TO QUIT”.

“၂၀၂၁–ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ“

            ၂၀၂၁ခုနှစ် မေလ(၃၁)ရက်နေ့တွင် ကျရောက်သော ”ကမ္ဘာ့ဆေးလိပ်မသောက် ရေးနေ့”  အထိမ်းအမှတ်အဖြစ် (​ဆေးလိပ်ကွမ်းယာဖြတ်ကြဖို့၊ ကတိပြုကြစို့) ဟူသော ဆောင်ပုဒ်ကို အခြေခံ၍ ပင်ကိုယ်ရေးဆောင်းပါးနှင့် ပင်ကိုယ်ရေးကဗျာများပေးပို့ ယှဉ်ပြိုင်နိုင်ပါသည်။

          ပြိုင်ပွဲဝင် စာမူနှင့်ကဗျာများကို ၂၀၂၁ ခုနှစ် ဇွန်လ(၁၀)ရက်နေ့​ နောက်ဆုံးထား၍ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းရုံးချုပ်၊ အမှတ်(၅၂)၊ ချင်းတွင်းလမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့သို့ဖြစ်စေ e-mail: myanmarhealthfoundation@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ စည်းကမ်းချက်များနှင့် အသေးစိတ်သိရှိလိုပါက အောက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀၂၁–ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ စာမူရှင်များဖိတ်ခေါ်ခြင်း

            ၂၀၂၁ ခုနှစ် ”ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ အလွတ်တန်းဆောင်းပါးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆောင်းပါး ပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့်အနှစ်သာရမှာ ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော ”Commit to Quit” (​ဆေးလိပ်ကွမ်းယာဖြတ်ကြဖို့၊ ကတိပြုကြစို့) အားအခြေခံ၍ ရေးရန် ​ ကိုယ်တိုင်ရေးဆောင်းပါးများကို ရေးသားပေးပို့နိုင်ပါသည်-

(က)     စာမျက်နှာကန့်သတ်ချက်မှာ A-4 Size ဖြင့်စာမျက်နှာ(၅)မျက်နှာထက်မကျော် လွန်ရပါ။ ပေးပို့ရာတွင်ကွန်ပျူတာဖြင့်ရိုက်ထားသောစာမူ(၁)စောင်နှင့်အတူ စီဒီ(၁) ချပ်ကိုပါ ပူးတွဲ ပေးပို့ရပါမည် (သို့မဟုတ်) e-mail: myanmarhealthfoundation@gmail.com ဖြင့် ပေးပို့နိုင်ပါသည်။

(ခ)       ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နောက်ဆုံးဖြစ်ပါသည်။ သတ်မှတ်ရက်ထက်​ကျော်လွန် မှ ရောက်ရှိလာသောစာမူများကို လက်ခံမည်မဟုတ်ပါ။

(ဂ)       ပေးပို့ရမည့်လိပ်စာမှာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ အမှတ်(၅၂)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ e-mail: myanmarhealthfoundation@gmail.com

(ဃ)     ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၁)ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဆက်သွယ်ရန်လိပ်စာများပူးတွဲ ပေးပို့ရန်။

(င)       ပထမဆု ကျပ်(၄)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်း၊ တတိယဆု ကျပ်(၂)သိန်း၊ နှစ်သိမ့်ဆုကျပ်(၁)သိန်း ချီးမြှင့်ပါမည်။

(စ)       ၂၀၂၁ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အခမ်းအနားကျင်းပသောနေ့တွင် ဆုရရှိသူ များအား ဆုချီးမြှင့်နိုင်ရန် အချိန်မီ ဆက်သွယ်အကြောင်းကြားပါမည်။

၂၀၂၁–ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ကဗျာပြိုင်ပွဲ စာမူရှင်များဖိတ်ခေါ်ခြင်း

            ၂၀၂၁ ခုနှစ် ”ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ အလွတ်တန်းဆောင်းပါးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆောင်းပါး ပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့်အနှစ်သာရမှာ ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော ”Commit to Quit” (​ဆေးလိပ်ကွမ်းယာဖြတ်ကြဖို့၊ ကတိပြုကြစို့) အားအခြေခံ၍ ရေးရန် ​ပင်ကိုယ်ရေးကဗျာများကို ရေးသားပေးပို့နိုင်ပါသည်-

(က)     စာမျက်နှာကန့်သတ်ချက်မှာ A-4 Size ဖြင့်စာမျက်နှာ(၅)မျက်နှာထက်မကျော် လွန်ရပါ။ ပေးပို့ရာတွင်ကွန်ပျူတာဖြင့်ရိုက်ထားသောစာမူ(၁)စောင်နှင့်အတူ စီဒီ(၁) ချပ်ကိုပါ ပူးတွဲ ပေးပို့ရပါမည် (သို့မဟုတ်) e-mail: myanmarhealthfoundation@gmail.com ဖြင့် ပေးပို့နိုင်ပါသည်။

(ခ)       ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နောက်ဆုံးဖြစ်ပါသည်။ သတ်မှတ်ရက်ထက်​ကျော်လွန် မှ ရောက်ရှိလာသောစာမူများကို လက်ခံမည်မဟုတ်ပါ။

(ဂ)       ပေးပို့ရမည့်လိပ်စာမှာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ အမှတ်(၅၂)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ e-mail: myanmarhealthfoundation@gmail.com

(ဃ)     ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၁)ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဆက်သွယ်ရန်လိပ်စာများပူးတွဲ ပေးပို့ရန်။

(င)       ပထမဆု ကျပ်(၃)သိန်း၊ ဒုတိယဆု ကျပ်(၂)သိန်း၊ တတိယဆု ကျပ်(၁)သိန်း၊ နှစ်သိမ့်ဆု(၂)ဆုအတွက် ကျပ်(၅)သောင်းစီ ချီးမြှင့်ပါမည်။

(စ)       ၂၀၂၁ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အခမ်းအနားကျင်းပသောနေ့တွင် ဆုရရှိသူ များအား ဆုချီးမြှင့်နိုင်ရန် အချိန်မီ ဆက်သွယ်အကြောင်းကြားပါမည်။

https://youtu.be/Ebtn5lx8xms

ဆောင်းပါးပြိုင်ပွဲကျင်းပရေးကော်မတီ
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း

Comments

Leave a Reply

Your email address will not be published. Required fields are marked *